Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Wednesday, 13 March 2013
ရင်ထဲကချစ်သူ
        ရင်ထဲကချစ်သူ
ဘယ်လိုမေ့နိုင်မှာလဲ ........
တူနှစ်ကိုယ်ကြည်နူး
ပျော်မြူးခဲ့ကြတဲ့နေ့ရက်တွေ
ပန်းကမ္ဘာလို လှပပြီး
ပျားတကာလို ချိုမြမြစကားတွေ
လေယူရာသိမ်း
လေယိမ်း တိုင်းပါခဲ့ကြတဲ့
ဟိုအရင် တချိန်ကပေါ့
အရာအာလုံးဟာ
မှုန်ဝါးဝါးရှိနေဆဲပါ--------------။
မှတ်မိနေပါတယ် ချစ်သူ
ဘယ်တော့မှ မခွဲကြေးဆိုပီး
မင်းပြောခဲ့တယ်လေ
မင်းကိုယ်တိုင်ပြောပြိး
ဘာ့ကြောင့် ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့
ဟိုး အဝေးကြီးကို ထွက်ခွါသွားရတာလဲ ------------။
ရက်စက်လိုက်တာ ကံဇတ်ဆရာရယ်
ကျွန်တော်တို့ နှစ်ယောက်က
အများတကာတွေ သ၀န်တို
လမင်းကြိး ထိုင်ငိုလောက်အောင်
ချစ်ပြနေလို့လား............
လူတိုင်းကအားကျ
မိဘတွေတားမရအောင်
အချစ်ပိုခဲ့ကြလို့လား..........
မိုးကုပ်စက်ဝိုင်းကြိးအောက်မှာ
ရိုမီယို+ဂျူလိယက် လက်မြောက်လောက်အောင်
ကျနော်တို့ နှစ်ယောက်က
အကြင်နာတွေပိုခဲ့ကြလို့လား......
..............................လို့လားးးး
..............................လို့လားးးး
ငါ့အနားမှာ မင်းမရှိတော့ပေမယ့်
ငါ့ရင်ထဲမှာ မင်းအမြဲရှိနေပါတယ်
မင်းနာမည်ကငါ့နှလုံးသားမှာ
ကဗည်းထိုး ကျန် နေလျှက်ပါ
ဘယ်အရာနဲ့မှ ဖျောက်ဖျက်မှာ မဟုတ်သလို
ဘယ်လို အရာမျိုးကမှလည်း ပျောက်ပျက်အောင်
စွမ်းဆောင်နိုင်မှာမဟုတ်ဘူး--------
တစ်မိုးအောက် တစ်ယောက်ချစ်ခဲ့ သူမို့ပါ
အရာ အားလုံးထက် ပိုချစ်တယ် ချစ်သူ...................
ချစ်သူ..အတွက်
ချစ်သူ...
       တမြေစီခြားနေပေမယ့်..
      နှလုံးသားတစုံ အတူရှိနေရင် ပြည်စုံခဲ့ပြီနော်...
          အတူမရှိနိုင်တဲ့ အခုလိုအချိန်တွေမှာ
      မဖတ်ဖြစ်ခဲ့တဲ့ စာတချို့နဲ့ မပြောနိုင်သေးတဲ့
     စကားလေးတွေကို  ဒိုင်ယာရီရဲ့စာမျက်နှာတွေမှာ ဖော်ပြရင်း
    အတူပြန်ဆုံမယ့်နေ့ကို ရင်ခုန်စွာနဲ့ စောင့်မျှော်ဆဲပါ...။
ဒီည...
        ကြယ်တွေ မထွန်းလင်းနိုင်ခဲ့သလို
        လမင်းကြီးက တိမ်တွေကြားမှာ မှေးခို အိပ်စက်နေတယ်ထင်ပါရဲ့...
       အခန်းကျဉ်းကျဉ်းနဲ့ မှိန်ပြပြ မီးလုံးလေးတွေရဲ့အောက်မှာ
        ချစ်သူကို သိပ်ချစ်တဲ့အကြောင်း ကဗျာတွေ သီရင်းနဲ့ပေါ့...။
ချစ်သူ...
           ပြန်မရနိုင်တော့တဲ့ မနေ့က အချိန်တွေနဲ့ ၊ ကြည်နူးခဲ့ကြတဲ့
          မနက်က အကြောင်းတွေကို ပြန်တွေးမိတိုင်း
         အိပ်ရာထက်မှာ လူးလွန့်ရင်း   ငါ့ရင်ခုန်သံတွေ ခုထိ ငါပြန်ကြားနေရတုန်းပဲလေ....။
ဟုတ်တယ်..ချစ်သူ
              နောက်ဆုံး ငါသိခဲ့တဲ့ငါ့ကိုယ်ငါနဲ့..ငါရေးခဲ့တဲ့ ကဗျာတွေရဲ့အကြောင်းကလဲ
  နင့်ကို သိပ်ချစ်ဆိုတာပါပဲဟာ....။
ကျနော်တို့နှစ်ယောက်
ဘ၀ရဲ့တခဏ
ကြုံဆုံခဲ့ကြရတာမို့
တယောက်ကိုတယောက်
အမြင်တွေဖလှယ်ကြ
ကျနော်တို့တတွေ စသိခဲ့ကြတယ်...။
ဒီလိုနဲ့ တီတီတာတာတွေပြောကြ
ခံစားချက်တွေ ဝေမျှရင်း
ရင်ခုန်သံတွေ ထပ်တူကြလို့
ခင်မင်ခွင့်တွေ နီးစပ်ခဲ့ကြတယ်...။
နှလုံးသားရဲ့တောင်းဆိုချက်
ရင်တွင်းစကားတွေ ထိုးနှက်ခဲ့လို့
အဖြူရောင် စည်းတံတားတွေ ကျော်လွှား
ခံစားချက်တွေ ဖောက်ပြားကာ
အချစ်ပန်းတို့ ဖူးပွင့်ခဲ့ဖူးတယ်....။
ကြုံဆုံမယ့် အခက်အခဲ
ရင်ဆိုင်ကာ နွဲပြီး
ဘ၀ရဲ့အမောတွေကြား
တွန်းလှန်ကာ အားတင်းထားမယ်လို့
ကျနော်တို့ နှစ်ဦးကြားမှာ
ဆိုစကားတွေ ရှိခဲ့ဖူးတယ်...။
ဓါးတောင်ကိုဖြတ်လှမ်း
မီးပင်လယ်ကို ဖြတ်သန်းရလည်း
အပြုံးမပျက် ပေါင်းဖက်
ဘ၀ဆုံးထိ ချစ်လျှက်ပဲဟု
သူနဲ့ ကျနော်
ကြွေးကြော်ခဲ့ဖူးတယ်...။
တခါတခါ
တယောက်လိုအပ်ချက်တွေ တဦးဖြည့်ဆည်း
ရှု့မငြီးပဲ အပြုံးတွေယှက်လို့
အတုန့်အလှည့် ရဲ့ နောက်ကွယ်မှာ
အကြင်နာတွေ ပိုခဲ့ကြဖူးတယ်...။
သူ့မျက်နှာ ရွှင်မပြ
ဒေါသတွေ ဖောင်းပွတတ်တဲ့ခါ
အေးချမ်းစွာ ဖျောင်းဖျ
အနှောက် စကားတွေနဲ့
မှောက်မှားမသွားအောင်လို့
ပကတိမေတ္တာကို လှစ်ခါပြ
မာန်မာနတွေ နှိမ့်ချခဲ့ဖူးတယ်...။
တခါတခါ
စကားတွေ ပြင်းထန်
အမြင်မမှန်တဲ့ အခါမျိုးမှာ
ကဗျာဆန်ဆန်စကားတွေနဲ့
အပြန်အလှန် ဖြေသိမ့်
အတ္တတွေ ချိုးနှိမ်ပြီး
မေတ္တာတွေ ယိုစိမ့်ခဲ့ကြဖူးတယ်...။
သူ့မျက်နှာကို မမြင်ခါနေ့မျိုးမှာ
အကြင်နာတွေ တိုးလို့သာ
ရေတွက်ကာ လက်ချိုးပြီး
ခံစားချက်တွေ မျိုသိပ်
လွမ်းစိတ်ကို ဖြေသိပ်ခဲ့ဖူးတယ်...။
ဒီလိုနဲ့
တဦးနဲ့တဦး
တယောက်ကိုတယောက် လက်ချင်းယှက်လို့
ပျော်ရွှင်စွာ လျှောက်လှမ်းရင်း
ဘ၀ရဲ့ ခရီးလမ်းမှာ
အေးအတူ ပူအမျှ  ခံစား
ဘ၀ရဲ့လောကဓံ တရားဆိုတာလည်း
တို့နှစ်ဦးရဲ့ သစ္စာတွေနဲ့
ယုံကြည်စွာ ကျော်လွှားခဲ့ဖူးတယ်...။
ချစ်သူရေ
ငါတို့က တယောက်ကို တယောက်
မေတ္တာစစ်တွေနဲ့ ချစ်ခဲ့ကြတာမို့
ဝေးကွာခြင်း ဆိုတာ အနိစ္စ
လက်တွေ့မှာဆို ဝေးစွ
အတွေးမှာပင် မဝေးခဲ့ ကြတာမို့
ယုံကြည်မှု့တွေ မယိုင်လဲ
နားလည်မှု့ကို ခိုင်မြဲရင်း
တို့တတွေ တသက်လုံးလက်တွဲကြမယ်နော်....။
Wednesday, 6 February 2013
မြင်နိုင်မလား.......ချစ်သူ
စောစီးစွာကြွေရှာတဲ့ စပယ်ပန်းမှ
သနားကောင်းတာမဟုတ်ပါဘူး
တကောင်တည်း အဖော်ကွဲလို့ ဥသြငှက်မှ
 လွမ်းမောဖွယ်မှကောင်းတာမဟုတ်ဘူး
အဖတ်သက်အဖြစ်နဲ့ မိန်းကလေး အချစ်မှ
မျှော်လင့်ရင်မော ကြေကွဲစရာကောင်းတာမပါဟုတ်ဘူး
ဖွင့်ဟပြောချင်ပေမဲ့  ရင်နစ်အောင် တိတ်ဆိတ်ငြိမ်သက်
ပြောခွင့်မရှိတဲ့  ယောင်္ကျားတယောက်ရဲ့   အချစ်ကလည်း
အရမ်းကိုနာကျင်ခံစား  သူမသိအောင် တိတ်ဆိတ်ကြေကွဲနေရတယ်
အသဲမမာတဲ့  ယောင်္ကျားထဲ ငါအပါဝင်ပေါ့ ချစ်သူရယ်
ရေတတ်ဦး ငါးဇင်ရိုင်းလို  ခဏလေးတွေ့ ပြိး ခဏလေးမချစ်ချင်ဘူး
ချစ်သူပါစေလေ ချစ်သူရဲ့  ကမ္ဘာတဖက်မှာ ကြယ်လေးတွေကြွေနေတယ်
ချစ်သူ ကြည့်ဖြစ်မှာ မဟုတ်ပါဘူး
မနက်ခင်းကို မျက်နှာမူ စောင့်နေတဲ့ 
နေကြာပန်းလေးကို နေမင်းကြီး ဂရုစိုက်မိမှာမဟုတ်ဘူး
လရောင်ရဲ့ အလင်းရမှ ပွင့်ရှာတဲ့  ပဒုမ္မာပန်းရဲ့အဖြစ်ကို
လမင်းကြီး သိမှာ မဟုတ်ပါဘူး
ချစ်သူရဲ့  နောက်ကျောမှာ ကြိတ်ကာ ငိုနေတဲ့  ငါ့ရဲ့  အဖြစ်ကိုလည်း
မသိနိုင်တော့ဘူးလား ချစ်သူရယ်.... မသိနိုင်တော့ဘူးလား
                                       ဖိုးခွားလေး(ကော့မှူးမြို့ )
Tuesday, 29 January 2013
ရင်ထဲထိတဲ့ သူတို့ ကဗျာ
စမ်းချောင်းကလေးရဲ့ရေစီးသံမှာ
ခြေဆေးမိတာအပြစ်လား
အေးမြမိသူစမ်းချောင်းလေးရဲ့အပြစ်လား
အမောင်.....ညီလေး..စွယ်စုံကျမ်း
မင်းကဇာတ်လမ်းနှစ်ခုရဲ့အလယ်ခေါင်မှာ
ရေစီးဟာမာယာတွေနဲ့အဆိပ်ပဲ
မိန်းမနဲ့ကမ္ဘာစစ်တူတယ်
အပြီးထိလှုပ်ရှားရသတဲ့
မပြီးရင်မင်းအမှားပေါ့....။
ဆရာမောင်ချောနွယ်ပြောဖူးတယ်
သူ့မိန်းမဟာသူ့ရန်သူပဲ..တဲ့
မင်းရန်သူရောဘယ်မှာလဲ
ရန်သူမရှိ  မိတ်ဆွေပဲရှိသလား
မင်းရန်သူကအမုန်းကိုအလံဖြူလွှင့်ခဲ့သလား
မိန်းမကိုဘုရားသခင်ဖန်ဆင်းတယ်ဆိုရင်
သူ့ဦးနှောက်မှာနှင်းတွေဝေနေလို့ပဲဖြစ်ရမယ်ပေါ့
ငါကဒီလိုတွေးနေချိန်မင်းကတော့
တစ်နယ်တစ်ကျေးမှာတိတ်တိတ်ကလေးမိုးတွေရွာလို့
အဝေးကွင်းမှာအသည်းကွဲပြီးပြီပေါ့ကွာ
ညီလေးဂစ်တာကြိုးပေါ်မှာဘာသီချင်းတွေဝှက်ထားလဲ
ဆက်လက်သီဆိုရန်/နားထောင်ရန်စာရင်းမှာရော
အစိမ်းရောင်ချယ်ရီသံတွေညံဦးမလာ
ပုဝါတစ်ကမ်းမဟုတ်တော့
မင်းသင်္ဘောဟာဆိပ်ကမ်းနဲ့ဝေးနေပြီ
ချစ်တာမရရင်..ရတာလေးကိုချစ်နေပါ
သူတို့ပတ်သက်သမျှရသလောက်ကလေးတွေ
ချစ်..ညီလေး...ချစ်ပါ
မင်းအလွမ်းကိုဘယ်ပန်းရနံ့ကမှတရားစွဲလို့မရဘူး
မိန်းမတွေဟာပန်းလိုပဲ  ညီလေး
ဘယ်သူနမ်းနမ်းနွမ်းတာပဲ
မင်းမခူးလည်းကြွေမှာပဲ
လရောင်ထိရင်ငိုတတ်တဲ့ကုမုဒြာလို
လှိုင်းခတ်သံကြားရင်ကြွေတဲ့မိန်းမတွေ
မင်းမှာအသည်းကွဲစာမျက်နှာနောက်တစ်ခုမှာရှိတယ်
ပြန်လည်ဆုံတွေ့ကြပါစို့..တဲ့
စတေကာကပ်ထားတဲ့အကျီ်နဲ့ ငါ့ညီအမောင်
မိန်းမတွေဟာမနေ့ကဆိုချင်နေတဲ့သီချင်း
ပြီးတော့မနက်ဖြန်သီဆိုချင်တဲ့သီချင်း
ဒီနေ့ ငါတို့အိပ်ကြမယ်
ကျပ်မပြည့်တဲ့ဘုရားသခင်ရဲ့အရိပ်မှာပေါ့
သူ့အမှားကမိန်းမတွေကိုဖန်ဆင်းခြင်းပဲလေ။    ။