Friday 31 January 2014

Samsung Galaxy Y S5360 , Android v2.3.6 ကို မြန်မာ Font/Keyboard ထည့်သွင်းခြင်း


 
 Android ဖုံးအကြောင်းပဲ ခဏခဏ မေးနေကြလို့ သူငယ်ချင်းဖုံးကို ကိုယ်တိုင် Root လုပ်ပေးပြီး ရလာတဲ့ အတွေ့အကြုံလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။ (Root ဆိုတာဘာလဲ ? ဘာ့ကြောင့် Root  လုပ်ရတာလဲ ? ဆိုတာ အသေးစိတ်သိချင်ရင်တော့ ကိုသူရ ရေးထားတဲ့ ဒီပို့စ် လေးမှာဖတ်နိုင်ပါတယ်....။

 ဒီနေ့တော့ ကျန်နေတဲ့ အကြွေးလေးဖြစ်တဲ့ 

Samsung Galaxy Y S5360 , Android v2.3.6 ကို မြန်မာစာတွေ ရေး/ဖတ် လို့ရအောင် Zawgyi Font နဲ့ Myanmar Keyboard ထည့်သွင်းနည်း အတွေ့အကြုံလေးကို မျှဝေသွားပါ့မယ်...:)

ဘာမှ မလုပ်ခင် အရင်ဆုံး မိမိ ဖုံးက Settings > Applications > Development > USB Debugging  ကို အမှန်ခြစ်လေး တပ်ပေးထားလိုက်ပါ...။


Root မလုပ်ဘဲ မြန်မာစာတွေ ရေးချင်/ဖတ်ချင်ရင်တော့ ဒီပို့စ် မှာ လေ့လာနိုင်ပါတယ်...:) (ကျနော် ကိုယ်တိုင်တော့ စမ်းမကြည့်ရသေးပါဘူး)

Root လုပ်ချင်လို့ Root လုပ်နည်း မသိသေးတဲ့ သူငယ်ချင်းများကတော့ ဒီပို့စ် မှာ လေ့လာနိုင်ပါတယ်...:)

 ဘာမှ မလုပ်ခင် အရင်ဆုံး မိမိ ဖုံးက Settings > Applications > Development > USB Debugging  ကို အမှန်ခြစ်လေး တပ်ပေးထားလိုက်ပါ...။
Samsung Galaxy Y S5360 , Android v2.3.6 ကို မြန်မာစာ တွေ ရေး/ဖတ် လို့ရအောင် ပထမဆုံး Zawgyi Font   နဲ့    Myanmar Keyboard   ကို ဒေါင်းယူထားပါ..။

ပြီးရင် မိမိ ဖုံးက Mini SD Card လေးကို ဖြုတ်ယူပြီး Cardreader ကနေတစ်ဆင့် ကွန်ပြူတာနဲ့ ချိတ်ဆက်ထားပြီး စောစောက ဒေါင်းယူထားတဲ့ Zawgyi font နဲ့Myanmar Keyboard နှစ်ခုစလုံးကို  Copy ကူးပြီး Mini SD Card ထဲကိုထည့်လိုက်ပါ

Copy ကူးပြီးရင် SD Card လေးကို မိမိ ဖုံးမှာ ပြန်ထည့်ပေးပြီး My file ဖိုဒါလ် လေးထဲက  Zawgyi One .apk  လေးကို Install ပေးလိုက်ပါ...

ပြီးရင် မိမိ ဖုံးက -Setting>>Display>>Screen display>>Font style ကနေ Zawgyi One TTF ကိုရွေးပြီး OK ပေးလိုက်တာနဲ့ မြန်မာစာတွေဟာ အောက်ကပုံလေးအတိုင်း ဖတ်လို့ရသွားပါပြီ....:)


ဖတ်လို့ ရရုံနဲ့ မပြီးသေးပါဘူး မြန်မာလို ရေးလို့ရအောင်
 Myanmar Keyboard လေးကို ဆက်ပြီး Install လုပ်ဖို့လိုပါသေးတယ်....:)
 Keyboard ကို Install လုပ်ဖို့
 My file ဖိုလ်ဒါ ထဲက MyanmarKeyboard.apk လေးကို...အောက်ပါအတိုင်း အဆင့်ဆင့် Install လိုက်ပါ...(သေချာ သွားအောင် ပုံလေးတွေနဲ့ ရှင်းပြပေးလိုက်ပါတယ်)
 စောစောက Copy ကူးထားတဲ့ ဖိုင်လ် နှစ်ခုဟာ ဒီ My file ဆိုတဲ့ Folder လေးထဲမှာ ရှိနေပါတယ် ....:)

                                                                    


 နောက်ထပ် ပေါ်လာတဲ့ Box တွေမှာ အဆင့်ဆင့် Install >> Done >> Allow >> OK

ပြီးရင် ဒီနေရာ လေးဆီကို ပြန်သွားလိုက်ပါဦး...:)
 Input Method မှာ မြန်မာ ကီးဘုတ် ကိုရွေးပေးလိုက်ရင် မြန်မာစာတွေ ကောင်းကောင်းရေးလို့ရသွားပါပြီ....:)




အဲ့ဒါပါပဲဗျာ... မြန်မာလို ရေးလို့ / ဖတ်လို့ ရသွားပါပြီ....:)

 အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်....:)

နောက် ပို့စ်မှာ Unroot လုပ်နည်းလေးကို စောင့်မျှော် ဖတ်ရှု့နိုင်ပါတယ်.....:)


ဝင်းကမ္ဘာကျော် 




1 comment:

  1. Samsung Galaxy Y S5360 , Android V2.3.6 ကို မြန်မာ Font/Keyboard ထည့်သွင်းခြင်း ~ Software49 >>>>> Download Now

    >>>>> Download Full

    Samsung Galaxy Y S5360 , Android V2.3.6 ကို မြန်မာ Font/Keyboard ထည့်သွင်းခြင်း ~ Software49 >>>>> Download LINK

    >>>>> Download Now

    Samsung Galaxy Y S5360 , Android V2.3.6 ကို မြန်မာ Font/Keyboard ထည့်သွင်းခြင်း ~ Software49 >>>>> Download Full

    >>>>> Download LINK

    ReplyDelete