Sunday 17 February 2013

ဓါတ်ပုံကို ခဲပန်းချီပုံ ပြောင်းသွားအောင်

ဓါတ်ပုံဝါဿနာရှင်တွေအတွက် မိမိရဲ့ဓါတ်ပုံကို ခဲပန်းချီပုံစံ ပြုလုပ်တဲ့နည်းပါ။ Photoshop ကို ထိုင်ကလိ့နေရင်းနဲ့ စိတ်ကူးပေါက်လို့ ရေးလိုက်တာ။ ဓါတ်ပုံကိုလျှောက်ကလိရတာ ၀ါဿနာပါတဲ့ သူတွေ အတွက်ပေါ့ဗျာ။ တော်တော်များများလည်း သိ့ပြီးဖြစ်မှာပါ ။
Step (1) ပထမဆုံးကတော့ Photoshop Program ကိုဖွင့်ပြီး ကိုယ်စမ်းကြည့်ချင်တဲ့ ပုံကို ဖွင့်ထားလိုက်ပါ။
Step (2) အဲဒီပုံကို Ctrl+J ကိုနှစ်ခါ နှိပ်ပြီး Duplicate (copy) နှစ်ခုပွားလိုက်ပါ။
Step (3) Ctrl + J နဲ့ copy ပွားထားတဲ့ Layer ကို Select ပေးထားလိုက်ပါ။ ပြီးရင် အပေါ် menu bar မှာ image ထဲက Adjustments အောက်က Desaturate ကိုနှိပ်ပါ။ Keyboard ကနေ Shit + Ctrl + U ကိုတွဲနှိပ်ရင်လည်း ရပါတယ်။ အဲဒါဆိုရင် ပုံက အဖြူအမဲပုံ ပြောင်းသွားပါလိမ့်မယ်။ နောက်ထပ် ပွားထားတဲ့ Layer ကိုလဲ Desaturate လုပ်ပါ။ Copy ပွားထားတဲ့ Layer နှစ်ခုလုံးကို လုပ်ရမယ်နော်။

Step (4) Copy ပွားထားတဲ့ layer နှစ်ခုလုံးကို အပေါ်ကအတိုင်း ပြောင်းပြီးသွားပြီဆိုရင် ။ အဲဒီ Layer နှစ်ခုထဲက အပေါ် Layer (Layer 1 copy) ကို Select ပေးထားလိုက်ပါ။ ပြီးရင် image -> adjustments -> invert ကိုနှိပ်ပါ။ သို့မဟုတ် Keyboard ကနေ Ctrl + I ကိုနှိပ်ရင်လည်း ရပါတယ်။
Step (5) ဒီအဆင့်မှာတော့ Invert လုပ်ထားတဲ့ အပေါ် Layer (Layer 1 Copy) ကို Color Dodge ပြောင်းလိုက်ပါ။ Layer Box ရဲ့ Blending mode List မှာ Color Dodge ကို ရွေးချယ်ပေးပါ။ ကျွန်တော်ပြထားတဲ့ အောက်က Layer Box ပုံကိုကြည့်လိုက်ပါ။
Step (6) အဲဒီ Color Dodge ပြောင်းထားတဲ့ Layer မှာပဲ Select ပေးထားပြီး အပေါ် menu bar ထဲက Filter ကိုနှိပ်ပါ။ ပြီးရင် Filter အောက်က Blur အောက်က Gaussian Blur ကိုနှိပ်ပြီး လိုသလို ချိန်ညှိ့လိုက်မယ်ဆိုရင် ဓါတ်ပုံက ခဲပန်းချီပုံစံ ရလာပါလိမ့်မယ်။
အဆင်ပြေပါစေ...........။

0 comments:

Post a Comment