Monday, 25 February 2013
photoshop မှတ်စု ၁
photoshop မှတ်စု ၁ ပါ ကြုံတုံးကြုံခိုက်ယူသွားဗျာ
   Download
Saturday, 23 February 2013
Photoshop စာအုပ်
Photoshop အကြောင်းနှင့် အချို့စာအုပ်များတွင် မပါသည်များကိုပါ ပေါင်းစပ် ထည့်သွင်းပြီး ရေးသားထားသည့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်. ဓါတ်ပုံလေး ပြင်တတ်ယုံနဲ့တော့ Desinger တစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။ ရိုးရိုး user lavel အဆင့်အနေနဲ့ပဲ ဖြစ်နေမှာပါ။ ကိုယ့်ကိုယ်ကို professional user တစ်ယောက်ဖြစ်ချင်ရင်တော့ အခုလို စာအုပ်မျိုးကို မဖြစ်မနေ ဖတ်ထားသင့်ပါတယ်. Photoshop ကို ပြင်တဲ့နေရာမှာ ရင်ဘတ်ထဲက ခံစားချက်နဲ့ အရောင်ကို လိုက်ဖက်တဲ့ သီးခြားအရောင်နဲ့ ပေါင်းစပ်မှု့တွေ၊ အလင်းပေးမှု့တွေ၊ ဖြာထွက်ပုံအနေအထား၊ စတာတွေကို ဦးနှောက်ထဲမှာ အရင်စီ ပြီးတော့မှ ဒီဇိုင်းစဆွဲပါ ကောင်းမွန်တဲ့ ဒီဇိုင်းတစ်ခု ထွက်လာပါလိမ့်မယ်။ အဲ့တော့ အရေးအကြီးဆုံးကတော့ အနုပညာအခံရှိဖို့လိုပါတယ်. Photoshop ဆိုတာ ပြုပြင်တဲ့သူရဲ့ လက်ထဲကနေပဲ ထွက်လာတဲ့ ပုံစံဒီဇိုင်းချင်း၊ လှပမှု့ချင်း ကွဲပြားသွားတာပါ။ ဒါဟာ ပြုလုပ်တဲ့ user တွေရဲ့ လက်ထဲမှာပဲရှိပါတယ်။ ဒီစာအုပ်ကတော့ photoshop ကိုမှ တကယ်စိတ်ဝင်စားပါတယ်ဆိုတဲ့သူများ မဖြစ်မနေ ဖတ်လိုက်ရမှာ ဖြစ်ပါတယ်။
                                           .zippyshare
ဟာသလေးတွေ
ဟာသလေးများ
လင်းကမ္ဘာဆိုက်လေးကိုရောက်ရှိလာတဲသူငယ်ချင်းများအပျင်အပြေဟာသလေး
တွေကြည့်သွားပေါ့ဗျာ
Sunday, 17 February 2013
photoshopshile
 မိမိပုံကိုစိတ်ကြိုက်ပြင်ဖို့ အတွက်
                             ဒီကောင်လေးကမစိုးဘူး   လူတိုင်းသိကြမှာ တဇိုင်းတွေလည်းများတယ်
                              လိုချင်တဲ့သူတွေအတွက် DOWNLOAD
အွန်လိုင်းပေါ်မှာ ဓာတ်ပုံကို ဒီဇိုင်းလန်းလန်းလေး ကလိချင်ရင်
ဒီဟာလေးက  ဓာတ်ပုံဒီဇိုင်းဆန်းဆန်းပြင်ဖို့   ဘောင်လှလှလေးတွေ  သုံးဖို့ အတွက်
လုပ်ရတာလည်း လွယ်တယ် ဒီဇိုင်းတွေလည်း အများကြီး.
ပိုးစီုးပက်စက်ကလိချင်ရင်  ဒီကို သွားလိုက်
photoshop ကလိချင်သူများ
ဒီကောင်းလေးကတော့Photoshop ၀ါသနာရှင်တွေအတွက်  အသုံးဝင်တဲ့ ဆော့ဝဲတစ်ခုပါ
         အသေးစိတ်အသုံးပြုနည်းတွေကိုတော့ လေ့လာကြည့်ပါ
                    Tools တွေအများကြီးပါတယ် ဒီပုံလေးတွေကကျွန်တော်စမ်းထားတာပါ
                     ကဲစန်းချင်ရင် DOWNLOAD
Photoshop ၀ါသနာရှင်အတွက် အလွယ်ဆုံး ပုံပြင်နည်း နဲ့ Stoik Df 4(full)
ဒီဆော့ဝဲလေးက Photoshop ၀ါသနာရှင်တွေအတွက်  အသုံးဝင်တဲ့ ဆော့ဝဲတစ်ခုပါ
အသေးစိတ်အသုံးပြုနည်းတွေကိုတော့ လေ့လာကြည့်ပါ ။ပုံအသေကို ပုံအရှင်ဖြစ်လာ
အောင် လုပ်ရင် လွယ်တယ် ။  ဥပမာ- သာမာန်ကြည့်နေတဲ့ ပုံတစ်ပုံကို  မျက်စေ့မှိတ်
လိုက် ဖွင့်လိုက် လုပ်လို့ လည်းရတယ် ပြန်ပြင်မယ်ဆိုလည်း ဓာတ်ပုံပြင်ဖို့ Tools တွေ
အများကြီးပါတယ် ။ သဘောအကျဆုံးကတော့ ပြင်ပြီးသားပုံကို ပုံအရှင် Animation
အဖြစ် Save လို့ ရတာပါ ပုံမှန် ဓာတ်ပုံ JPEG နဲ့  Save လို့ ရသလို Viedeo Format
နဲ့  Save ချင်လည်းရပါတယ်။ ဒီပုံလေးတွေကကျွန်တော်စမ်းထားတာပါ  မောင်စွယ်စုံကျမ်းထဲက
 မလာတာပါသူလုပ်ပြထားတာသဘောကျလို စမ်းကြည်တာ  ပိုးစိုးနဲမှပက်စက်ကိုလန်းတယ်
ကဲစမ်ချင်ရင်ဒေါင်းဗျာDOWNLOAD
ရောင်စုံ စာသားလေးနဲ့ GIF ပုံလေးရေးချင်လုပ်ချင်ရင်
  Photoshop        Open မှာကလစ်ပြီး မိမိနှစ်သက်ရာပုံ၁ပုံထည့်ပါ
TOOL (သို့မဟုတ်) T ပုံလေးကိုကလစ်ပါ
မိမိထည့်ထားတဲ့ပုံအပေါ်ကိုအခုလေးဆွဲလိုက်ပါ
မိမိနှစ်သက်ရာစာရေးပါ ရေးပြီးရင် အပေါ်မှာကြည့်လိုက်ပါ အနီရောင်ပြထားတဲ့နေရာမှာဖောင့်ပြောင်းပါ
အပြာရောင်ပြထားတဲ့နေရာမှာ ဖောင့်ဆိုဒ်ပြောင်းပါ ပြီးသွားရင် ညာဘက်နားအနီရောင်ဝိုင်းပြထားတဲ့ အမှန်ခြစ်လေးနှိပ်ပါ
နောက် Tool V (သို့မဟုတ်) အနက်ရောင်ပြထားတဲ့နေရာမှာ ကလစ်ပြီး စာကြောင်းလေးမိမိလိုရာဆွဲနိုင်ကြောင်း
စာရေးပြီးသွားပြီဆိုရင် Window ကိုကလစ်ပြီး Animation ကိုရွေးကလစ်ပါ
အောက်နားမှာကြည့်လိုက်ပါတုတ်လေးပြထားတဲ့ဟာလေးကိုကလစ်ပြီးframes 5 ခုလောက်လုပ်လိုက်ပါ
ပထမ နံပါတ်တစ်ကနေစမယ် (1) ကိုကလစ်နှိပ်ပါ(အနီရောင်မျဉ်းပြထားနေရာ)
ပြီးသွားရင်ညာဘက်အောက်နားကတုတ်လေးထောက်ပြထားတဲ့ FX ဆိုတာလေးကလစ်ပါ ဘာ too ညာ tool ပြောတော့ဘူးနော်
ပုံမှာကြည့်လိုက်
FX ဆိုတာကလစ်ပြီးပေါ်လာတဲ့အထဲက storke ကိုကလစ်လိုက်ပါ
ဒီလိုမျိုးပေါ်လာမယ် မိမိကြိုက်ရာအရောင်ရွေးပါ ပြီးရင် OK ပါ
နောက်ထက် FX ကိုကလစ်ပြီး color overlay ကိုရွေးပါ
မိမိနှစ်သက်ရာ အရောင်ရွေးပါ အပေါ်မှာပြောခဲ့တဲ့အရောင်နဲ့ မတူညီတာကိုရွေးပါ
ဒီလိုပါပဲ feames 1 ကနေ 5 အထိ ကလစ်နှိပ်ပြီး အပေါ်မှာပြခဲ့သလိုအရောင်လေးတွေပြောင်းလိုက်ပါ
ပြီးသွားရင် တုတ်ထောက်ပြထားတဲ့နေရာက်မှာ play ကြည့်လိုက်ပါ
အားလုံးအာလုံး OK သွားပြီးဆိုရင် သိမ်းပါ့မယ်
FILE ကိုကလစ်နှိပ်ပြီး save for& web devices ကိုရွေးကလစ်ပါ
SAVE ပါ အနီရောင်ဝိုင်းပြထားတဲ့နေရာမှာ GIF ကိုထားပါ
ဖိုင်နာမည်ရေးပြီး SAVE လိုက်ပါပြီးပါပြီ
အကြွင်းအကြံ ရောင်တွေမှိတ်ုတ် မှိတ်တုတ် နေတာမြန်လွန်းရင်  frames တစ်ခြင်းဆီကို မိနစ်ပြောင်းပေးလိုက်ပါ
ဖိုတိုရှော့မရှိသေးဘူးဆိုရင်
ဒီမှာသွားဒေါင်းလိုက်         http://arkarmoenaing.blogspot.com/2012/10/photoshop.html
ဓါတ်ပုံကို ခဲပန်းချီပုံ ပြောင်းသွားအောင်
ဓါတ်ပုံဝါဿနာရှင်တွေအတွက် မိမိရဲ့ဓါတ်ပုံကို ခဲပန်းချီပုံစံ ပြုလုပ်တဲ့နည်းပါ။ Photoshop ကို ထိုင်ကလိ့နေရင်းနဲ့ စိတ်ကူးပေါက်လို့ ရေးလိုက်တာ။ ဓါတ်ပုံကိုလျှောက်ကလိရတာ ၀ါဿနာပါတဲ့ သူတွေ အတွက်ပေါ့ဗျာ။ တော်တော်များများလည်း သိ့ပြီးဖြစ်မှာပါ ။
Step (1) ပထမဆုံးကတော့ Photoshop Program ကိုဖွင့်ပြီး ကိုယ်စမ်းကြည့်ချင်တဲ့ ပုံကို ဖွင့်ထားလိုက်ပါ။
Step (2) အဲဒီပုံကို Ctrl+J ကိုနှစ်ခါ နှိပ်ပြီး Duplicate (copy) နှစ်ခုပွားလိုက်ပါ။
Step (3) Ctrl + J နဲ့ copy ပွားထားတဲ့ Layer ကို Select ပေးထားလိုက်ပါ။ ပြီးရင် အပေါ် menu bar မှာ image ထဲက Adjustments အောက်က Desaturate ကိုနှိပ်ပါ။ Keyboard ကနေ Shit + Ctrl + U ကိုတွဲနှိပ်ရင်လည်း ရပါတယ်။ အဲဒါဆိုရင် ပုံက အဖြူအမဲပုံ ပြောင်းသွားပါလိမ့်မယ်။ နောက်ထပ် ပွားထားတဲ့ Layer ကိုလဲ Desaturate လုပ်ပါ။ Copy ပွားထားတဲ့ Layer နှစ်ခုလုံးကို လုပ်ရမယ်နော်။
Step (4) Copy ပွားထားတဲ့ layer နှစ်ခုလုံးကို အပေါ်ကအတိုင်း ပြောင်းပြီးသွားပြီဆိုရင် ။ အဲဒီ Layer နှစ်ခုထဲက အပေါ် Layer (Layer 1 copy) ကို Select ပေးထားလိုက်ပါ။ ပြီးရင် image -> adjustments -> invert ကိုနှိပ်ပါ။ သို့မဟုတ် Keyboard ကနေ Ctrl + I ကိုနှိပ်ရင်လည်း ရပါတယ်။
Step (5) ဒီအဆင့်မှာတော့ Invert လုပ်ထားတဲ့ အပေါ် Layer (Layer 1 Copy) ကို Color Dodge ပြောင်းလိုက်ပါ။ Layer Box ရဲ့ Blending mode List မှာ Color Dodge ကို ရွေးချယ်ပေးပါ။ ကျွန်တော်ပြထားတဲ့ အောက်က Layer Box ပုံကိုကြည့်လိုက်ပါ။
Step (6) အဲဒီ Color Dodge ပြောင်းထားတဲ့ Layer မှာပဲ Select ပေးထားပြီး အပေါ် menu bar ထဲက Filter ကိုနှိပ်ပါ။ ပြီးရင် Filter အောက်က Blur အောက်က Gaussian Blur ကိုနှိပ်ပြီး လိုသလို ချိန်ညှိ့လိုက်မယ်ဆိုရင် ဓါတ်ပုံက ခဲပန်းချီပုံစံ ရလာပါလိမ့်မယ်။
အဆင်ပြေပါစေ...........။
Wednesday, 6 February 2013
မြင်နိုင်မလား.......ချစ်သူ
စောစီးစွာကြွေရှာတဲ့ စပယ်ပန်းမှ
သနားကောင်းတာမဟုတ်ပါဘူး
တကောင်တည်း အဖော်ကွဲလို့ ဥသြငှက်မှ
 လွမ်းမောဖွယ်မှကောင်းတာမဟုတ်ဘူး
အဖတ်သက်အဖြစ်နဲ့ မိန်းကလေး အချစ်မှ
မျှော်လင့်ရင်မော ကြေကွဲစရာကောင်းတာမပါဟုတ်ဘူး
ဖွင့်ဟပြောချင်ပေမဲ့  ရင်နစ်အောင် တိတ်ဆိတ်ငြိမ်သက်
ပြောခွင့်မရှိတဲ့  ယောင်္ကျားတယောက်ရဲ့   အချစ်ကလည်း
အရမ်းကိုနာကျင်ခံစား  သူမသိအောင် တိတ်ဆိတ်ကြေကွဲနေရတယ်
အသဲမမာတဲ့  ယောင်္ကျားထဲ ငါအပါဝင်ပေါ့ ချစ်သူရယ်
ရေတတ်ဦး ငါးဇင်ရိုင်းလို  ခဏလေးတွေ့ ပြိး ခဏလေးမချစ်ချင်ဘူး
ချစ်သူပါစေလေ ချစ်သူရဲ့  ကမ္ဘာတဖက်မှာ ကြယ်လေးတွေကြွေနေတယ်
ချစ်သူ ကြည့်ဖြစ်မှာ မဟုတ်ပါဘူး
မနက်ခင်းကို မျက်နှာမူ စောင့်နေတဲ့ 
နေကြာပန်းလေးကို နေမင်းကြီး ဂရုစိုက်မိမှာမဟုတ်ဘူး
လရောင်ရဲ့ အလင်းရမှ ပွင့်ရှာတဲ့  ပဒုမ္မာပန်းရဲ့အဖြစ်ကို
လမင်းကြီး သိမှာ မဟုတ်ပါဘူး
ချစ်သူရဲ့  နောက်ကျောမှာ ကြိတ်ကာ ငိုနေတဲ့  ငါ့ရဲ့  အဖြစ်ကိုလည်း
မသိနိုင်တော့ဘူးလား ချစ်သူရယ်.... မသိနိုင်တော့ဘူးလား
                                       ဖိုးခွားလေး(ကော့မှူးမြို့ )
Tuesday, 5 February 2013
3D ပြုလုပ်ဖန်တီးသော Blender: 3D content creation suite
ဒါကတော့3D ဒီဇိုင်းတွေကို ဖန်တီးနိုင်တဲ့ Software လေးပါ
 မိမိ တို့ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ် အလန်းလေးပါနော်
ဒောာက်မှာဒေါင်းပြီးယူသွားလိုက်ပါနော်....Download
2013 အတွက် သုံးဘာသာ ပြက္ခဒိန်
ပြက္ခဒိန်မကြည့်ဖြစ်သူများအတွက် ကွန်ပျူတာတွင် အသုံးပြုနိုင်သော 
၂၀၁၃ ပြက္ခဒိန်ကို အခမဲ့ရယူနိုင်ပါပြီ။ ထိုပြက္ခဒိန်တွင် မြန်မာ ၊ အင်္ဂလိပ် ၊ တရုတ် (၃) ဘာသာ ပါရှိပြီး နေ့ကြီး နေ့မြတ်များကိုလည်း ပြည့်စုံစွာ ထည့်ပေးထားပါသည်။ 
ရက်ရာဇာ ၊ ပြဿဒါးများလည်း ပါရှိပါသည်။ ရွက်စုတ်ပြက္ခဒိန်ကဲ့သို့ ရက်များကို ကြည့်ရှုနိုင်မှာပါ။ ၂၀၁၃ အတွက် ရုံးပိတ်ရက် ၊ အားလပ်ရက်များကိုလည်း သီးသန့်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
                                                        zippyshare